အသေးစိတ်ဆင်ခြင်သောနည်းစနစ်ဖြင့်
Click to receive news updates
ကျွန်တော်တို့အားလုံး သမ္မာကျမ်းစာကို လေ့လာလိုတဲ့စိတ်ဆန္ဒရှိကြပါတယ်။ သမ္မာကျမ်းစာကိုလေ့လာဖို့လိုတယ်ဆိုတာကိုလည်း ကျွန်တော်တို့အားလုံးသိရှိကြပါတယ်။ အရေးကြီးတဲ့မေးခွန်းတစ်ခုကတော့ “ဘယ်လိုလေ့လာမလဲ”၊ “ဘယ်လိုနည်းလမ်းနဲ့အစပြုပြီးဘယ်လိုဆက်လက်လေ့လာသွားမလဲ” ဆိုတာဘဲဖြစ်ပါတယ်။ ကျမ်းစောင်တစ်အုပ်ချင်းစီကို အသေးစိတ်ဆင်ခြင် သောနည်းစနစ်ဖြင့်လေ့လာသော ဤလက်စွဲစာအုပ်များသည် ကျွန်တော်တို့ဘဝအသက်တာ တစ်လျောက်လုံး သမ္မာကျမ်းစာလေ့လာခြင်းကို ပြုလုပ်သွားနိုင်ရန်အတွက် ကူညီပေးသော ကျမ်းစာလေ့လာခြင်းနည်းလမ်း၊ တန်ဆာပလာတစ်ခုဖြစ်ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲ၌ သင့်အားစောင့်မျှော်နေသော အဖိုးတန်ရတနာများကို သင်ကိုယ်တိုင်ရှာဖွေတူးဖော်လိုက်ပါ။
- Dr. Ron & Judy Smith
Co-founders, School of Biblical Studies, Youth With A Missionလွန်ခဲ့သော ၁၉၈၀ခုနှစ်ခန့်တွင် Dr. Ron Smith ဆိုသူက ဝိုင်ဝင်(မ်)လူငယ်သာသနာပြုအဖွဲ့အား ဤ အသေးစိတ်ဆင်ခြင်သောနည်းစနစ်ဖြင့် သမ္မာကျမ်းစာလေ့လာသောနည်းလမ်းကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုကြာပြီး နောက်မှာတော့ ကမ္ဘာအနှံ့မှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ ကျမ်းစာသင်တန်းကျောင်းများထဲတွင် ကြီးမားသောကျောင်းတစ်ကျောင်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ယခုအချိန်တွင် တိုင်းနိုင်ငံပေါင်း (၄၀)ကျော်တွင် ကျောင်းတည်နေရာပေါင်း (၇၀)ကျော်ဖြင့် ထိုနည်းစနစ်ကိုအသုံးပြုကာကျမ်းစာ လေ့လာ သောကျောင်းများ ဖြစ်တည်လာခဲ့ပြီဖြစ်ပါတယ်။ ယခုနှစ်ပေါင်း (၄၀)ကြာပြီး နောက်မှာတော့ ဤအသေးစိတ်ဆင်ခြင်သောနည်းစနစ်ဖြင့် ကျမ်းစာလေ့လာခြင်း သည် ကျမ်းစာလေ့လာသူများအားလုံးအတွက် လေ့လာရန်အလွန်လွယ်ကူပြီး ထိရောက်သော နည်းလမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဤအသေးစိတ်ဆင်ခြင်သောနည်းစနစ်ဖြင့်ကျမ်းစာလေ့လာခြင်းသည် သမ္မာကျမ်းစာလေ့လာရန် အလွန်အထိရောက်ဆုံး နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး ဤနည်းလမ်းဖြင့်လေ့လာသူများအနေ ဖြင့် ကြီးမားသော ဝမ်းမြောက်ခြင်းကို ရရှိမည်ဖြစ်ကြောင်းနှင့် ဤအတွဲလိုက် အသေးစိတ်ဆင်ခြင်သောနည်းစနစ်လက်စွဲစာအုပ်များသည် သမ္မာကျမ်းစာလေ့လာရန် အတွက် အလွန်အထောက်အကူပြုမည့်စာအုပ်များ ဖြစ်ကြောင်း ထောက်ခံအပ်ပါသည်။
- Loren Cunningham
Founder of Youth With A Missionနှစ်ပေါင်းများစွာမျှော်လင့်စောင့်စားခဲ့ရသော ဤသမ္မာကျမ်းစာလေ့လာခြင်းစာအုပ်များ အကောင်အထည်ပေါ်လာခြင်းအတွက် ကျေးဇူးတင်ပါတယ်။ ယခုအချိန်မှာတော့မြန်မာနိုင်ငံမှာရှိတဲ့ အသင်းတော်များကို ဝိညာဉ်ရေးရာ၌ ပိုမိုခိုင်ခံ့လာစေရန် အားဖြည့်တင်းပေးနိုင်မည့်မြန်မာဘာသာဖြင့် လွယ်ကူရှင်းလင်းစွာ သမ္မာကျမ်းစာလေ့လာနိုင်သည့် ကျမ်းစာလေ့လာခြင်းအထောက်အကူပြု စာအုပ်များကိုရရှိလာခဲ့ပြီဖြစ်ပါတယ်။
- နန်းသူဇာမွန်
ဘဏ္ဍာရေးမှူး၊ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏အထွေထွေအတွင်းရေးမှူးဟောင်းဤစာအုပ်များသည် အသက်အရွယ်မရွေး၊ ယုံကြည်သူအားလုံး သမ္မာကျမ်းစာလေ့လာနိုင်ရန်အတွက် အလွန်ကောင်းသော အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်ပတ်သက်ပြီးပိုမိုသင်ကြားခံယူလိုသူများအတွက် သမ္မာကျမ်းစာထဲရှိကျမ်းစောင်တစ်ခုချင်းစီကို လွယ်ကူစွာလေ့လာသွားနိုင်မည်ဖြစ်ပါသည်။ လေ့လာသူများအနေဖြင့်လည်း အသစ်သော သမ္မာကျမ်းစာလေ့လာခြင်းစွမ်းရည်ကို ရရှိပိုင်ဆိုင်ပြီး ဤစာအုပ်များအပေါ်တွင်ကြိုက်နှစ်သက်ပါလိမ့်မည်။ ကျမ်းစောင်ကိုရေးသားခဲ့သောစာရေးဆရာမှ သူ၏မူလစာဖတ်ပရိတ်သတ်များကို ဖော်ပြလိုသောစစ်မှန်သောသမ္မာတရားကို ရှင်းလင်းမှန်ကန်စွာတွေ့မြင်လာမည်ဖြစ်သလို၊ သမ္မာကျမ်းစာထဲရှိ ကျမ်းပိုဒ်များအားဖြင့် ကျွန်ုပ်တို့အသက်တာထဲတွင် မည်သို့လက်တွေ့အသုံးပြုလိုက်လျောက်ရမည်ဆိုသည့် သမ္မာတရားများကိုလည်း ဤစာအုပ်များကိုလေ့လာခြင်းအားဖြင့် ရှင်းလင်းစွာတွေ့မြင်လာနိုင်ပါသည်။ ဤစာအုပ်ကိုအသုံးပြု၍ သမ္မာကျမ်းစာလေ့လာသောသူများအတွက် ကိုယ်ပိုင်ဘဝအသက်တာ၌ ဝိညာဉ်ရေးရာ ကြီးထွားရင့်ကျက်လာစေရန် ကြီးမားသောအထောက်အကူကိုရရှိစေမည်ဖြစ်ပါသည်။ ထိုသည်သာမကဘဲ ဤစာအုပ်ကိုလေ့လာသောသူများ၏ အသင်းတော်ထဲတွင်လည်း ဤစာအုပ်ကိုအသုံးပြု၍ကျမ်းစာသင်ကြားခြင်းကို ဦးဆောင်ပြုလုပ်သွားနိုင်မည်ဖြစ်ပါသည်။ ဤစာအုပ်အရင်းအမြစ်များကိုအသုံးပြုရန်အတွက် လေးနက်စွာထောက်ခံအပ်ပါသည်။
- Rev. David K. Phillips
ကနေဒါနိုင်ငံနှစ်ခြင်းခရစ်ယာန်သာသနာ၏အထွေထွေအတွင်းရေးမှူးဟောင်းဘဝအသက်တာကိုပြောင်းလဲစေသောယေရှုခရစ်၏သတင်းစကားသည် လူအားလုံးနှင့်တိုင်းနိုင်ငံအားလုံးအတွက် သတင်းကောင်းဖြစ်ပါသည်။ သြစတေးလျနိုင်ငံမှအသင်းတော်တစ်ခု၏ သင်းအုပ်ဆရာဖြစ်သည့်အလျောက် တပည့်တော်ဖြစ်စေခြင်း နှင့် လူများဘုရားသခင်၏မေတ္တာတော်ကိုတွေ့ကြုံခံစားရအောင်ကူညီပေးခြင်းသည် ကျွန်တော်တို့၏ သာသနာလုပ်ငန်း၊ ကျွန်တော်တို့၏စိတ်ပြင်းပြမှုဖြစ်သည်။ ယေရှုခရစ်ကို ကိုယ်တိုင်ကိုယ်ကျသိကျွမ်းခြင်းနှင့်ထိုပေါင်းသင်းဆက်ဆံမှုအထဲ ပိုမိုနက်ရှိုင်းစွာကြီးထွားရင့်ကျက်လာစေရန် ဘုရားသခင်၏နှုတ်ကပတ်တော်က အဓိကအချက်အချာဖြစ်သည်။ အသင်းတော်ကို ဘုရားသခင်၏စိတ်နှလုံးသားနှင့်ဆက်သွယ်ပေးရာ၌အထောက်အကူဖြစ်စေသော အရင်းအမြစ်များကိုကျွန်တော်အမြဲစိတ်ဝင်စားပါသည်။ ဆက်ကပ်အပ်နှံသောခရစ်တော်၏နောက်လိုက်ဖြစ်၍ သူတို့အသိုင်းအဝိုင်း၊ တိုင်းနိုင်ငံ နှင့် နိုင်ငံတကာတွင် ဧဝံဂေလိတရားကိုပါဝင်လုပ်ဆောင်ဝေမျှတတ်သောလူများဖြစ်စေလိုသည့် အသင်းတော်များအတွက် ဤသမ္မာကျမ်းစာ အသေးစိတ်ဆင်ခြင်နည်းစာအုပ်များကိုအကြံပြုထောက်ခံအပ်ပါသည်။
- Jason Elsmore
Senior Pastor, Gateway Baptist Church, Qld AustraliaExecutive Team, Queensland Baptists