အ​သေးစိတ်ဆင်ခြင်​သောနည်းစနစ်ဖြင့် 

ကျမ်း​စောင်တစ်​စောင်ချင်းစီအား​လေ့လာခြင်း

သမ္မာကျမ်းစာလေ့လာခြင်းချဉ်းကပ်ပုံ 

ဤစာအုပ်သည်သမ္မာကျမ်းစာထဲမှကျမ်းစောင်တစ်ခုချင်းစီကိုလေ့လာနိုင်ရန်အတွက် လမ်းညွှန်မှုပေးသည့်စာအုပ်အတွဲများအထဲ မှတစ်အုပ်ဖြစ်ပါသည်။ ဤစာအုပ်အတွဲများ၏ထူးခြားချက်မှာ အ​သေးစိတ်ဆင်ခြင်နည်း(inductive)ကိုအသုံးပြုခြင်းဖြစ်ပြီး ရိုးရှင်းသော ဦးတည်ချက်(၇)ခုဖြင့်သမ္မာကျမ်းစာကိုသမ္မာကျမ်းစာကဖွင့်ပြပြောဆိုစေခြင်းဖြစ်သည်။ ဤစာအုပ်သည်သမ္မာကျမ်းစာလေ့လာရန် စာအုပ်စာပေအရင်းအမြစ်အလွန်ရှားပါးသောတိုင်းပြည်တစ်ခုရှိ အသင်းတော်အဖွဲ့အစည်းများ၏တောင်းဆိုမှုအရဖြစ်ပေါ်လာခြင်း ဖြစ်ပြီး အင်္ဂ လိပ်စာမတတ်သူများအတွက်ကျမ်းစာလေ့လာရန် အလွန်ရှားပါးသောအရင်းအမြစ်များထဲမှတစ်ခုဖြစ်ပါသည်။ ကျမ်းစောင်တစ်အုပ်ချင်းစီကိုရုတစိုက်ဖြင့်တည်းဖြတ်ခြင်း၊ စမ်းသပ်ခြင်းများလုပ်ဆောင်ခဲ့သကဲ့သို့ အုပ်စုလိုက်လေ့လာသောအ နေအထားများတွင်လည်းအသုံးပြုခဲ့ပြီးဖြစ်ပါသည်။ ဤစာအုပ်အတွင်းပါဝင်သောအကြောင်းအရာများကိုလေ့လာသူအားလုံး လွယ်ကူစွာဖတ်ရှုနားလည်စေရန်အတွက် ဝေါဟာရများကိုအထူးရွေးချယ်အသုံးပြုထားပါသည်။ အရေးအကြီးဆုံးမှာ ဤစာအုပ် ၏ရည်မှန်းချက်သည် သမ္မာကျမ်းစာကိုလေ့လာခြင်း၏အသီးအပွင့်များကိုဖော်ထုတ်သည့် အသက်တာပြောင်းလဲရန်လက်တွေ့ လိုက်လျှောက်ခြင်းဟူသောဦးတည်ချက်(၇)ချက်ဖြစ်သည်။

ဤစာအုပ်များကိုတစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း၊ အုပ်စုလိုက်အနေအထား၌သော်လည်းကောင်း ဆွေးနွေးခြင်းပါဝင်၍ မဖြစ်စေ၊ ဆွေးနွေးခြင်းမပါဝင်ဘဲဖြစ်စေအသုံးပြုနိုင်ပါသည်။ သခင်ဘုရားကိုစိတ်နှလုံးတံခါးဖွင့်လျက်ဤစာအုပ်ကိုအသုံးပြုလျှင် သင်၏အသက်တာ၌ဝိညာဉ်တော်၏အသီးကြွယ်ဝတိုးပွားမည်ကိုအာမခံပါသည်။ 

“အကြင်သူသည်ငါ၌တည်၍ ငါသည်လည်းသူ၌တည်၏။ ထိုသူသည်များစွာသောအသီးကိုသီးတတ်၏။” (ယော ၁၅:၅)


အ​သေးစိတ်ဆင်ခြင်နည်း၏ဦးတည်ချက်(၇)ရပ်  

ဦးတည်ချက်(၁)။ ။ ဆုတောင်းခြင်း

အဓိပ္ပါယ်ရှိသောသမ္မာကျမ်းစာလေ့လာခြင်း၏အဓိကသော့ချက်မှာ ဆုတောင်းခြင်းဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ပ်တို့၏သွန်သင်သူဆရာဖြစ်ပါသည်။ ဆုတောင်းခြင်းသည်ဘုရားသခင်နှင့်ချစ်ခြင်းမေတ္တာဆက်ဆံရေးအထဲ၌ ဆက်နွယ် တည်မြဲနေစေပါသည်။

ဦးတည်ချက်(၂)။ ။ တစ်ထိုင်တည်းဖြင့်အသံထွက်ဖတ်ခြင်း (ပထမအကြိမ်ဖတ်ရှုခြင်း) 

ကျမ်းပိုဒ်များကိုတစ်ထိုင်တည်းအသံထွက်၍ဖတ်ခြင်းဖြင့် မူလကဖတ်ရှုရန်ရည်ရွယ်ထားသည့်ပုံစံအတိုင်း မြင်တွေ့နားထောင်နိုင် မည်ဖြစ်ပါသည်။ သင့်အနေဖြင့်စာတစ်စောင်ကိုလက်ခံရရှိလျှင် အစမှအဆုံး စာတစ်စောင်တည်းအဖြစ်ဖတ်ရှုမည်ဖြစ်သည်။ သမ္မာကျမ်းစာကိုလည်းဤကဲ့သို့ဖတ်ရှုရန်မူလကရည်ရွယ်ထားခြင်းဖြစ်သည်။

ဦးတည်ချက်(၃)။ ။ ကျမ်းပိုဒ်များကိုအရောင်ခြယ်ခြင်း (ဒုတိယအကြိမ်ဖတ်ရှုခြင်း)  

သမ္မာကျမ်းစာပိုဒ်များကိုအရောင်ခြယ်ခြင်းသည် ကျမ်းပိုဒ်၏ဆက်စပ်မှုကိုသိမြင်စေပြီး ကျမ်းစောင်ထဲ၌ရှိသောအရာများကိုရှာဖွေ နိုင်ရန်လည်း အထောက်အကူပေးပါသည်။

ဦးတည်ချက်(၄)။ ။ အခန်းတစ်ခုစီကိုအကျဉ်းချုပ်၍ဖော်ပြခြင်း (တတိယအကြိမ်ဖတ်ရှုခြင်း)

အတွေးအမြင်အကြောင်းအရာတူသောအခန်းတစ်ခန်းစီကိုအကျဉ်းချုပ်ခြင်းဖြစ်သည်။ ဤစာပိုဒ်သို့မဟုတ်အခန်းကြီး၏အ ကြောင်းအရာသည် ဤကဲ့သို့ဖြစ်သည်ဟု စာကြောင်းတစ်ကြောင်း သို့မဟုတ် စာကြောင်းနှစ်ကြောင်းဖြင့်ဖော်ပြခြင်းဖြစ်သည်။

ဦးတည်ချက်(၅)။ ။ နောက်ခံသမိုင်းကိုကြည့်ရှုခြင်း (စတုတ္ထအကြိမ်ဖတ်ရှုခြင်း)

မူရင်းစာဖတ်သူများအကြောင်းစဉ်းစားခြင်းဖြစ်သည်။ သမ္မာကျမ်းစာကို အမှန်တကယ်အခြေအနေ၌ရှိနေသော လူအစစ်များဆီသို့ ရေးသားပေးခြင်းဖြစ်ပြီး ဘုရားသခင်၏ကြားဝင်လုပ်ဆောင်ခြင်းအမှုအရာဖြစ်သည်။ သူတို့၌ဘာပြဿနာများရှိနေသလဲ။ သူတို့၏ ယဉ်ကျေးမှုကဘယ်လိုရှိသလဲ။ စာရေးသူကဘာကြောင့်ဤကျမ်းစောင်ကိုရေးသားပေးခဲ့သလဲ။

ဦးတည်ချက်(၆)။ ။ ကျမ်းစောင်ကိုလေ့လာခြင်း (ပဉ္စမအကြိမ်ဖတ်ရှုခြင်း)

ကြည့်ရှုလေ့လာခြင်း  -  အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်း  -  လက်တွေ့လိုက်လျှောက်ခြင်း 


ကျမ်းပိုဒ်ကဘာကိုပြောသလဲ။ မူရင်းစာဖတ်သူများအတွက်ဘာကိုဆိုလိုသလဲ။ စာရေးသူကဘာကြောင့်ဤစာကိုရေးသလဲ။ ဤ ကျမ်းပိုဒ်မှ အချိန်အကန့်အသတ်မဲ့မ္မာတရားဘာတွေရှိမလဲ။ ယနေ့ခေတ်အတွက်ဘာဆိုလိုချက်ရှိမလဲ။

ဦးတည်ချက်(၇)။ ။ အသက်တာပြောင်းလဲခြင်းသို့တက်လှမ်းခြင်း

သမ္မာကျမ်းစာလေ့လာခြင်း၏ပန်းတိုင်မှာ ဘုရားသခင်နှင့်ထိတွေ့ခံစားရပြီး အသက်တာပြောင်းလဲရန်ဖြစ်ပါသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်ကိုလေ့လာပြီးနောက် ဘုရားသခင်ကဘယ်အရာတစ်ခုကိုပြောင်းလဲရန် သင့်ကိုခေါ်ဖိတ်နေပါသလဲ။