အ​သေးစိတ်ဆင်ခြင်​သောနည်းစနစ်ဖြင့်

ကျမ်း​စောင်တစ်​စောင်ချင်းစီအား​လေ့လာခြင်း

​ပေးလှူရန်


အ​သေးစိတ်ဆင်ခြင်သောသမ္မာကျမ်းစာလေ့လာနည်းဖြင့်ကျမ်းစောင်တစ်ခုချင်းစီအားလေ့လာခြင်းသည် ရှမ်းစီမံကိန်း(Shan Project) နှင့် Youth With A Mission တို့၏အကျိုးအမြတ်မယူသောအမှုတော်လုပ်ငန်းတစ်ခုဖြစ်သည်။ ဤစာအုပ်တွဲများကိုထုတ်လုပ်နိုင် ခြင်းမှာ ဤကဲ့သို့အရင်းအမြစ်များပေါ်ထွက်လာရန်ထောက်ခံပေးသော လူတစ်ဦးချင်းနှင့်အသင်းတော်အစုအဝေးများ၏ ရက်ရော စွာထောက်ပံ့မှုများကြောင့်ဖြစ်ပါသည်။ အ​သေးစိတ်ဆင်ခြင်သောသမ္မာကျမ်းစာလေ့လာနည်းကို အင်္ဂ လိပ်ဘာသာစကား၊ မြန်မာဘာသာ စကား နှင့် ထိုင်းဘာသာစကားတို့ဖြင့်ပြီးမြောက်သွားသည်ကိုမြင်တွေ့လိုသောကြောင့် သင့်အနေဖြင့်ပေးလှူလိုပါကအောက် တွင်နှိပ်ပါ။


ပြီးမြောက်သွားပါက မြန်မာဘာသာစကားဖြင့်စာအုပ်တွဲများသည် လွန်ခဲ့သောနှစ်(၂၀၀)ကျော်ဆရာယုဒသန် (Adoniram Judson) မြန်မာပြည်သို့ခရစ်တော်၏သတင်းကောင်းကိုယူဆောင်လာပေးချိန်မှစ၍ သမ္မာကျမ်းစာတစ်စောင်ချင်းစီကိုလေ့လာနိုင် သော မြန်မာဘာသာစကားဖြင့်ပထမဦးဆုံးသောအရင်းအမြစ်ဖြစ်ပါလိမ့်မည်။ လက်ရှိသိရသမျှတွင် ထိုင်းဘာသာစကားဖြင့် လည်းဤပုံစံဖြင့်ပထမဆုံးထုတ်လုပ်နိုင်သောစာအုပ်ဖြစ်ပေမည်။ ထိုနည်းတူစွာမျှော်လင့်မိသောအရာမှာ အခြားဘာသာစ ကားများဖြင့်လည်းထုတ်လုပ်နိုင်ပြီး ရောက်ရှိမှုနည်းသောတိုင်းပြည်များတွင် အရည်အသွေးကောင်းသမ္မာကျမ်းစာလေ့လာခြင်းအ ရင်းအမြစ်များရရှိနိုင်ရန်ဖြစ်ပါသည်။ ဤစီမံကိန်းကိုထောက်ပံ့ရန် ကျေးဇူးပြု၍ထည့်သွင်းစဉ်းစားပေးပါ။


ပေးလှူမှုအားလုံးကို ရှမ်းစီမံကိန်း(Shan Project) နှင့် Youth With A Mission တို့မှတစ်ဆင့် စနစ်တကျစီမံဆောင်ရွက်သွားပါ မည်။ သင်၏စေတနာပေးလှူမှုကို “Shan Project, Inductive Bible Study Book by Book” သို့ရွေးချယ်သတ်မှတ်ထားနိုင်ပါ သည်။


အခြားပုံစံများဖြင့်ပေးလှူလိုပါက info@ibsbookbybook.org သို့အီးမေးပို့ပါ။


သင်ရှိသောဒေသမှပေးလှူမှုရွေးချယ်စရာများအတွက် အောက်တွင် သင်၏ဒေသကိုနှိပ်ပါ။


*အခွန်နှုတ်ပြီးသားပေးလှူခြင်းအတွက် YWAM Project Funding, Canada & YWAM Montana, USA တို့ဖြင့်လုပ်ဆောင်နိုင်ပါသည်။ နိုင်ငံတကာမှပေးလှူမှုများကို YWAM Thailand မှတစ်ဆင့်ဆောင်ရွက်ပါသည်။