အ​သေးစိတ်ဆင်ခြင်​သောနည်းစနစ်ဖြင့်

ကျမ်း​စောင်တစ်​စောင်ချင်းစီအား​လေ့လာခြင်း

သက်သေခံချက်များ

အတိတ်အချိန်က ကျွန်တော်သည် ခရစ်ယာန်ကိုပြောင်လှောင်ခဲ့သည်၊ သူတို့ကိုမနှစ်သက်ခဲ့ပါ။ ထိုနောက်ကျွန်တော်ဇနီး၏ ရွာတွင်ငလျင်လှုပ်ခြင်းကိုဆက်တိုက်ဆိုသလိုကြုံတွေ့ရပြီးနောက်ယေရှုကိုတွေ့ရှိခဲ့ရသည်။ ကျွန်တော်အလွန်ပြောင်းလဲခဲ့ပြီး သခင်ယေရှုမည်သူဖြစ်ကြောင်းကိုအတတ်နိုင်ဆုံးသိလိုစိတ်ရှိလာသည်။ ယုံကြည်သူအသစ်ဖြစ်လာပြီးနောက်သုံးလအကြာ တွင်အ​သေးစိတ်ဆင်ခြင်သောနည်းဖြင့်သမ္မာကျမ်းစာလေ့လာရန်အခွင့်အရေးကိုရရှိခဲ့သည်။ အုပ်စုလိုက်လေ့လာနိုင်ရန်အတွက် နာရီများစွာကြာအောင်သွားခဲ့ရသည်၊ မိုးရာသီအချိန်များနှင့်ဖုံထူသောရွာလမ်းများတွင်အပတ်စဉ်ဆိုင်ကယ်ဖြင့်သွားခဲ့ရသည် မှာတစ်နှစ်မျှကြာပြီး သမ္မာကျမ်းစာတစ်အုပ်လုံးကို ကျမ်းစောင်တစ်ခုချင်းလေ့လာခဲ့ပါသည်။ ဘုရားသခင်သည်ကျွန်တော်အ သက်တာကိုပုံစံအမျိုးမျိုးဖြင့်ပြောင်းလဲပေးခဲ့ခြင်းကို ယခုအကုန်ရှင်းပြနိုင်မည်မဟုတ်ပါ။ ယေရှုခရစ်တော်၌အသစ်တွေ့ရှိခဲ့ သောယုံကြည်ခြင်းတွင် နားလည်သဘောပေါက်မှုနှင့်ခွန်အားကိုဖြစ်စေခဲ့သည်။ ဘူမိဗေဒပညာရှင်အလုပ်ကိုစွန့်လွတ်ခဲ့ပြီး ထို သခင်ကိုအစေခံလိုသောကြောင့်မိသားစုနှင့်အတူယေရှုနောက်တော်လိုက်ခဲ့ပါသည်။ ယေရှုအကြောင်းသတင်းကောင်းကိုမ ကြားဖူးသေးသည့်တောင်ကုန်းတောဒေသရွာများတွင်ဧဝံဂေလိတရားကိုဝေမျှလိုပါသည်။ သူတို့ကိုဘုရားသခင်အကြောင်း သင်ပေးခြင်း ကျွန်တော့်အသက်တာကိုမည်ကဲ့သို့ပြောင်းလဲပေးခဲ့ကြောင်းသင်ပေးခြင်းသည် ကျွန်တော့်ဆန္ဒအမှန်ဖြစ်ပါ သည်။ – AMW

ကျွန်မသည်မကောင်းဆိုးဝါး(သရဲ)ကိုအမြဲကြောက်တတ်ခဲ့ပြီး ဘုရားသခင်ကျွန်မကိုအမှန်တကယ်ချစ်သည်ဟုလည်းမသိခဲ့ ပါ။ ကျွန်မကြီးပြင်းလာချိန်တွင်ချစ်ခြင်းကိုမခံစားခဲ့ရပါ။ ကျမ်းစာကိုလေ့လာသင်ယူသောဤအချိန်ကာလတွင် ဘုရားသခင် သည်ကျွန်မနှလုံးသားကိုအမှန်တကယ်ပြောင်းလဲပေးခဲ့ပါသည်။ အမှောင်ကိုလည်းကျွန်မယခုမကြောက်တော့ပါ။ သခင်ယေ ရှုသည်ကျွန်မနှင့်အတူရှိပြီး မကောင်းဆိုးဝိညာဉ်အားလုံးထက်သာ၍ကြီးမြတ်ကြောင်းသိရှိပါပြီ။ ဘုရားသခင်ကကျွန်မကိုမည် မျှချစ်ကြောင်းကိုလည်းဖော်ပြခဲ့ပါသည်။ လွန်ခဲ့သောအချိန်က အခြားလူများကိုချစ်ရန်အတော်ခက်ခဲခဲ့သော်လည်း ယခုအ ခြားသူများကိုချစ်တတ်ရန် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကကူညီမစပါသည်။ – YYTS


သမ္မာကျမ်းစာကိုလေ့လာခြင်းနှင့်အတူသခင်ယေရှုကလူများကိုမည်ကဲ့သို့ချစ်ကြောင်း၊ အစေခံကြောင်းကိုတွေ့ရသောအခါ ကျွန်မ၏အတွေးအခေါ်များကိုဘုရားသခင်ကပြောင်းလဲစေခဲ့ပါသည်။ ယခုလိုမပြောင်းလဲခင် ကျွန်မ၏လူမျိုးနှင့်သာစကား ပြောပေါင်းသင်းဆက်ဆံလိုသည်။ ကျွန်မထက်မြင့်သောလူ(ဥပမာခေါင်းဆောင်တစ်ဦး)သို့မဟုတ် ကျွန်မထက်နှိမ့်သောလူ (ဥပမာဆင်းရဲသား) တို့ကိုလည်း ကျွန်မအနေဖြင့်စကားပြောပါ။ ယခုတွင် မည်သည့်နေရာမည်သည့်အဆင့်အတန်းမှဖြစ်စေ လူတိုင်းကိုကျွန်မစကားပြောနိုင်ကြောင်း ပေါင်းသင်းဆက်ဆံနိုင်ကြောင်း လွတ်လပ်ခြင်းရှိပြီဖြစ်ကြောင်း သခင်ယေရှုအားဖြင့် သိမြင်ခွင့်ရပါသည်။ – NSPH

ကျွန်တော်သည်လူငယ်ခေါင်းဆောင်ဆရာပင်ဖြစ်နေသော်လည်း သမ္မာကျမ်းစာကိုအ​သေးစိတ်ဆင်ခြင်နည်းဖြင့်လေ့လာပြီးချိန်မှ ကျမ်းစာတစ်အုပ်လုံးသည်ပုံကြီးချဲ့အကြောင်းအရာတစ်ခုသာဖြစ်ကြောင်းသိမြင်ရပါသည်။ ကမာ္ဘဦးကျမ်းမှဗျာဒိတ်ကျမ်းအထိ ဘုရားသခင်၏ပုံပြင်အကြောင်းအရာကိုနောက်ဆုံးတွင်နားလည်ခဲ့ပါသည်။ ကိုယ်တော်၏ပုံပြင်တော်ထဲတွင် ကျွန်တော့်ကို လည်းအစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်စေကြောင်းသိမြင်ရပါသည်။ လူများကိုဘုရားသခင်အကြောင်းသွန်သင်ခဲ့သည့်မောရှေ နည်းတူ ကျွန်တော်သည်လည်းဘုရားသခင်အကြောင်းလူများကိုသွန်သင်လိုပါသည်။ အသက်ရှင်သောဘုရားကိုကျွန်တော် ၏လူအများသည်မသိကြသေးပါ။ – SLL


ကျွန်မသည်အသင်းတော်ထဲ၌ကြီးပြင်းလာပြီး သင်းအုပ်လုပ်ဆောင်ခဲ့သည်မှာငါးနှစ်ကြာပြီဖြစ်သော်လည်း သမ္မာကျမ်းစာကို လေ့လာပြီးနောက်မှသာ ကျွန်မဘဝတစ်ခုလုံးကိုဒုက္ခပေးခဲ့သောမေးခွန်းကိုဘုရားသခင်ကဖြေပေးခဲ့ပါသည်။ ကျွန်မ၏ကြီး ပြင်းလာချိန်တစ်လျှောက် “တိရစာ္ဆန်နှင့်ငါနှင့်ဘာခြားနားသလဲ” ဟူသောမေးခွန်းအမြဲရှိခဲ့သည်။ ကမာ္ဘဦးကျမ်းကိုလေ့လာ သောအခါ ဘုရားသခင်ကကျွန်မ၏မေးခွန်းကိုအဖြေပေးခဲ့သည်။ လူသည်ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီဖန်ဆင်း ခြင်းခံရသောကြောင့် ထူးခြားသူဖြစ်ကြောင်းဘုရားသခင်ကဖော်ပြပါသည်။ – Elizabeth

ကျွန်တော်သည် ယောနကဲ့သို့ဘုရားသခင်နှင့်ဘုရားသခင်ခိုင်းသောအရာမှထွက်ပြေးသူမဖြစ်လိုပါ။ ဧဇရကဲ့သို့မိမိ၏သက် သာခြင်းကိုစွန့်လွတ်၍ သူ၏လူများအားဘုရားသခင်၏နှုတ်ကပတ်တော်သွန်အစေခံရန်ခက်ခဲသောအခြေအနေသို့ပြန်သွား သည့်သူဖြစ်လိုပါသည်။ ကျွန်တော်၏လူများကို ဘုရားသခင်၏နှုတ်ကပတ်တော်သိစေလိုပါသည်။ သူတို့ကျွန်တော့်ကိုမနှစ် သက်ကြလျှင်ပင် သခင်ယေရှုကဲ့သို့အစေခံလိုပါသည်။ – AK


ဖိလေမုန်သြဝါဒစာကိုလေ့လာသောအခါ ကျွန်မအသက်တာတွင်ပြန်လည်သင့်မြတ်ခြင်းကိုလိုအပ်ကြောင်းသန့်ရှင်းသောဝိ ညာဉ်တော်ကနက်နဲစွာသွန်သင်ခဲ့ပါသည်။ ကျွန်မဘဝတွင်အချို့သောဆက်ဆံရေးကိုမှန်ကန်အောင်ပြုပြင်ရန်လိုအပ်ကြောင်း သိမြင်ရသောအခါ အကြိမ်ကြိမ်ငိုခဲ့ပါသည်။ ထိုသူတို့ထံသွား၍ခွင့်လွတ်ခြင်းကိုတောင်းခံသောအခါ ကျွန်မတို့၏ပေါင်းသင်း ဆက်ဆံရေးပြန်လည်ရရှိပါသည်။ – NMK

အ​သေးစိတ်ဆင်ခြင်သောသမ္မာကျမ်းစာလေ့လာနည်းသင်တန်းတစ်ခုတွင် ကျမ်းစောင်များကိုလေ့လာချိန် ကျမ်းစောင်တစ်ခုချင်းအ လိုက်ကြည့်ရှုသောအခါ ပို၍အဓိပ္ပါယ်ရှိကြောင်းအံ့အားသင့်ခဲ့ရပါသည်။ ကျွန်တော်သင်းအုပ်ဆရာတစ်ယောက်ဖြစ်သော် လည်း ကျမ်းစာကျောင်းတွင်ကျမ်းပိုဒ်နှစ်ပိုဒ်ထက်ပို၍တစ်ချိန်တည်းမဖတ်ခဲ့ရသကဲ့သို့ တရားဟောချက်ပြင်ဆင်သောအခါ တွင်လည်း ထိုနည်းတူဖြစ်ခဲ့ပါသည်။ - သင်းအုပ်ဆရာ (Pastor)

ကျွန်မတွင်အလွန်ရင်းနှီးသောသူငယ်ချင်းတစ်စုရှိခဲ့သည်။ ထမင်းပန်းကန်တစ်ခုတည်းစားခဲ့ကြသည်။ ထို့နောက်သူတို့က ကျွန်မကိုနာကြင်စေသောကြောင့် ငါးနှစ်မျှကြာသည်အထိသူတို့ကိုစကားမပြောခဲ့ပါ။ ဖိလေမုန်သြဝါဒစာကိုလေ့လာပြီးသော အခါ သူတို့ကိုခွင့်လွှတ်ရန်လိုအပ်ကြောင်း ဘုရားသခင်ကကျွန်မကိုဖော်ပြခဲ့ပါသည်။ – NHN


သမ္မာကျမ်းစာကိုလေ့လာပြီးနောက် ဘုရားသခင်ကကျွန်တော့်အသက်တာကိုအလွန်ပြောင်းလဲစေခဲ့သောကြောင့် ကိုယ် တော်နောက်သို့လိုက်လိုခဲ့ပါသည်။ ကျွန်တော့်အတွက်မေးခွန်းကြီးတစ်ခုမှာ “ဘုရားသခင်နောက်လိုက်လျှင် ကျွန်တော့်မိ သားစုနှင့်ကျွန်တော့်ကိုဘယ်သူထောက်ပံ့မလဲ”ဟူ၍ဖြစ်ပါသည်။ ဓမ္မဟောင်းနှင့်ဓမ္မသစ်တစ်လျှောက်လုံးတွင် ဘုရားသခင်က သူ၏လူများအတွက်အံသြဖွယ်ရာနည်းလမ်းများဖြင့်ပြင်ဆင်ပေးခဲ့သည်။ ဘုရားသခင်နောက်တော်လိုက်ဖို့ကျွန်တော်ဆုံးဖြတ် ခဲ့ပြီဖြစ်သလို အမှုတော်လုပ်ငန်းတွင်လည်းပါဝင်လာပြီး ကျွန်တော့်အတွက်ပြင်ဆင်ပေးရန်ဘုရားသခင်ကိုယုံကြည်ကိုးစား တတ်လာပြီ။ တစ်နေ့ကျွန်တော်အိမ်ပြန်သောအခါ ရွာအရောက်ကားစီးဖို့ကားခလိုအပ်နေသည်။ အိမ်ရောက်ရန်တစ်ရက်ခရီး သွားရခြင်းဖြစ်သည်။ ကားလက်မှတ်အတွက်ကျွန်တော်ပိုက်ဆံမလောက်ပါ။ ငှက်များကိုကြည့်ပါဟုဘုရားသခင်စကားပြော သလိုကျွန်တော်ခံစားရသည်။ ငှက်များလိုအပ်သည်ထက်ဘုရားသခင်ကပြင်ဆင်ပေးထားကြောင်း ဘာကြောင့်ကျွန်တော်ဘု ရားသခင်ကိုမယုံကြည်မကိုးစားနိုင်ရမလဲ။ ထို့နောက် ကျွန်တော့်ပိုက်ဆံအိတ်ကိုဖွင့်လိုက်သောအခါ ရွာပြန်ရန်လုံလောက် သောပိုက်ဆံရှိ၍အိမ်ရောက်ပြီးမှပြန်လာနိုင်ခဲ့သည်။ ထိုအချိန်မှစတင်၍ ဘုရားသခင်သည်ကျွန်တော့်အတွက်ပြင်ဆင် ထောက်ပံ့ခဲ့ပါသည်။ ကျွန်တော်သည်ဘုရားသခင်ကိုယုံကြည်ကိုးစားနိုင်ကြောင်း ဘုရားသခင်သည်လည်းအံ့သြဖွယ်ရာတို့၏ ဘုရားဖြစ်နေဆဲဖြစ်ကြောင်းသွန်သင်ခြင်ခံရပါသည်။ - SAK

ကျွန်မရွာတွင် လူအများသည်လည်း ကောင်းကင်ရောက်မည် မရောက်မည်ကို သံသယရှိကြပါသည်။ ကျွန်မအတွက်လည်း မေးခွန်းကြီးတစ်ခုဖြစ်ခဲ့ပါသည်အ​သေးစိတ်ဆင်ခြင်နည်းဖြင့်သမ္မာကျမ်းစာကိုလေ့လာပြီးနောက် သခင်ယေရှုလုပ်ဆောင်ပေးခဲ့ သောအရာအားဖြင့် ကျွန်မလည်းကောင်းကင်နိုင်ငံရောက်မည်ဟု ဘုရားသခင်ကဖော်ပြခဲ့ပါသည်။ – Hannah


ဖိလေမုန်သြဝါဒစာကိုလေ့လာသောအခါ မိမိ၏ကျွန်သြနေသိမ်ကိုပြန်လက်ခံရန် ရှင်ပေါလုက ဖိလေမုန်အားအမိန့်မပေး ကြောင်းတွေ့ရသည်။ ရှင်ပေါလုအနေ ဖြင့်အ မိန့်ထားနိုင်သော်လည်း ဖိလေမုန်ကသြနေသိမ်ကိုပြန်လက်ခံရန်တောင်းပန်ခဲ့ သည်။ ကလေးဘော်ဒါဆောင်တွင်ကျွန်မလုပ်ဆောင်သောအခါ ကလေးများစကားနားမထောင်သောအခါ သူတို့ကိုကျွန်မ ရိုက်ခဲ့ပါသည်။ ရှင်ပေါလု၏ပုံသက်သေသည်ခေါင်းဆောင်တစ်ဦးဖြစ်သောကျွန်မအတွက်အလွန်ထိရှခဲ့ပါသည်။ ကလေးများ ကိုရိုက်မည့်အစား ရှင်ပေါလုကဲ့သို့တောင်းပန်မေတ္တာရပ်ခံမည်ဟုကျွန်မစဉ်းစားလိုက်သည်။ ကျွန်မအံ့သြရသည် ထိုသို့လုပ် ဆောင်ခြင်းသည်အမှန်တကယ်အလုပ်ဖြစ်ပြီး ပို၍ပျော်ရွှင်စရာဖြစ်လာပါသည်။ - ဘော်ဒါဆောင်မိခင် (Boarding House Mother)