အ​သေးစိတ်ဆင်ခြင်​သောနည်းစနစ်ဖြင့်

ကျမ်း​စောင်တစ်​စောင်ချင်းစီအား​လေ့လာခြင်း

မကြာခဏမေးလေ့ရှိသောမေးခွန်းများ

ဤစာအုပ်တွဲများသည် အခြားကျမ်းစာလေ့လာခြင်းအရင်းအမြစ်များနှင့် ဘာကြောင့်ခြားနားသလဲ။

ဤစာအုပ်များသည် သမ္မာကျမ်းစာ၏ကျမ်းစောင်တိုင်းအတွက်လေ့လာမှုလမ်းညွှန်များအဖြစ်စုစည်းထားခြင်းဖြစ်ပါသည်။ ဤစာ အုပ်တွဲများ၏ထူးခြားချက်မှာ အ​သေးစိတ်ဆင်ခြင်သောနည်းဖြစ်ပြီး ရိုးရှင်းသောဦးတည်ချက်(၇)ခုဖြင့် ကျမ်းစာကိုကျမ်းစာကပင်စကား ပြောစေခြင်းဖြစ်ပါသည်။ ဤစာအုပ်သည်သမ္မာကျမ်းစာလေ့လာရန် စာအုပ်စာပေအရင်းအမြစ်အလွန်ရှားပါးသောတိုင်းပြည်တစ်ခု ရှိ အသင်းတော်အဖွဲ့အစည်းများ၏တောင်းဆိုမှုအရဖြစ်ပေါ်လာခြင်းဖြစ်ပြီး အင်္ဂ လိပ်စာမတတ်သူများကျမ်းစာလေ့လာရန်အတွက် အလွန်ရှားပါးသောအရင်းအမြစ်များထဲမှတစ်ခုဖြစ်ပါသည်။


ဤအ​သေးစိတ်ဆင်ခြင်သောသမ္မာကျမ်းစာလေ့လာနည်းစာအုပ်များသည်အဘယ်ကြောင့်ထူးခြားကြောင်းပိုမိုဖတ်ရှုနိုင်ရန်

စာအုပ်များကိုဘယ်လိုအသုံးချနိုင်မလဲ။


ဤစာအုပ်များကို သင်၏ကိုယ်ပိုင်လေ့လာခြင်းအတွက်သော်လည်းကောင်း၊ အုပ်စုငယ်၌သော်လည်းကောင်း၊ လူငယ်အဖွဲ့၌ သော်လည်းကောင်းအသုံးပြုနိုင်ပါသည်။ ဆန်းဒေးစကူးသင်ကြားခြင်းတွင် သင်ကြားမှုပြင်ဆင်ရန်အတွက် နှင့် သူငယ်ချင်းများနှင့် လေ့လာရန်အတွက်လည်းအသုံးပြုနိုင်ပါသည်။


ဤအ​သေးစိတ်ဆင်ခြင်သောသမ္မာကျမ်းစာလေ့လာနည်းစာအုပ်များသည်အဘယ်ကြောင့်ထူးခြားကြောင်းပိုမိုဖတ်ရှုနိုင်ရန်

ဤစာအုပ်များသည် ဘာကြောင့်အခမဲ့ဖြစ်သလဲ။

နိုင်ငံတကာမှစေတနာဝန်ထမ်း(၅၀)ကျော်ပါဝင်သည့်အဖွဲ့သည် သူတို့၏အချိန်၊ သူတို့၏ဆုကျေးဇူးနှင့်ကျွမ်းကျင်မှုများကိုရက်ရော စွာပေးဆပ်ခြင်းဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်သင်သည်ဘုရားသခင်နှင့်အဆက်အသွယ်ပြုမွေ့လျော်နိုင်ရန်ဖြစ်ပါ သည်။ ထိုသူတို့တွင်စာရေးသူများ၊ ဘာသာပြန်သူများ၊ တည်းဖြတ်သူများ၊ graphic designers၊ စီမံခန့်ခွဲသူများ၊ web designers၊ စာအုပ်များဖြစ်ပေါ်လာရန်နှစ်နှင့်ချီ၍သစ္စာရှိစွာဆုတောင်းပေးသူများ စသည့်ဖြင့်ပါဝင်ကြပါသည်။ ဤအရင်းအမြစ်ကို ထုတ်လုပ်နိုင်ရန် ကနေဒါ၊ နယ်သာလန်၊ သြစတေးလျ၊ အမေရိကန်၊ နယူးဇီလန်၊ ထိုင်းနိုင်ငံတို့မှ ရက်ရောစွာပေးလှူဆက်ကပ် ကြသောတစ်ဦးချင်းနှင့်အသင်းတော်များလည်းပါဝင်ပါသည်။ သင်နှစ်သက်မည်ဟုမျှော်လင့်ပါသည်။


အ​သေးစိတ်ဆင်ခြင်သောသမ္မာကျမ်းစာလေ့လာခြင်းစာအုပ်တွဲများဖော်ထုတ်လုပ်ဆောင်သည့်အကြောင်းသိရှိရန်

ဤစာအုပ်ကို copy ကူးယူနိုင်ပါသလား။

ကူးယူနိုင်ပါသည်။ အခမဲ့မိတ္တူကူးယူနိုင်ပါသည်။ သို့သော်လည်း တစ်ဆင့်ရောင်းခြင်း၊ စာအုပ်၏အကြောင်းအရာကိုပြောင်းလဲ ခြင်းမပြုရန်တောင်းဆိုပါသည်။ ခွင့်ပြုချက်များ၊ အသုံးပြုပုံများ၊ မူပိုင်ခွင့်များနှင့်ပတ်သက်၍ စာအုပ်အဖုံးအတွင်းစာမျက်နှာ၌ကြည့် ပါ။


အီးမေးပို့ရန်နှိပ်ပါ

PDF ကိုဒေါင်းလုပ်ကူးယူခြင်းနှင့် eBook(PDF) ကိုဒေါင်းလုပ်ကူးခြင်း ဘယ်လိုကွားခြားပါသလဲ။

PDF ဖြင့်ဒေါင်းလုပ်ကူးယူနိုင်သောပုံစံမှာ ကိုယ်တိုင်ပရင့်ထုတ်ခြင်း သို့မဟုတ် စာရွက်များပေါ်၌မိတ္တူကူးနိုင်ရန်အတွက်ဖြစ်ပြီး သင်၏အဖြေများကိုလက်ရေးဖြင့်ချရေးနိုင်ရန်မျဉ်းကြောင်းများပါဝင်သည်။ eBook(PDF) ဆိုသည်မှာ အီလက်ထရွန်နစ်စာဖြင့်အ ဖြေများကိုရေးသားပြီး သင်၏စက်ပစ္စည်များ၌သိမ်းဆည်းထားနိုင်သောဖိုင်အမျိုးအစားဖြစ်ပါသည်။

ဤအရင်းအမြစ်များကိုဘယ်နေရာမှရရှိပါသလဲ။


အ​သေးစိတ်ဆင်ခြင်းနည်းဖြင့်သမ္မာကျမ်းစာတစ်စောင်ချင်းစီအားလေ့လာခြင်းစာအုပ်တွဲများသည် တိုင်းနိုင်ငံများသို့သွားရန်ခေါ်ဆိုသော ဘုရားသခင်၏အသံတော်ကို ကြားသိနားထောင်သော လူတစ်စုတို့၏ ဖြစ်ရပ်မှန်အကြောင်းအရာများ၌ မူလအမြစ်တည်ပါသည်။


အ​သေးစိတ်ဆင်ခြင်သောသမ္မာကျမ်းစာလေ့လာခြင်းစာအုပ်တွဲများဖော်ထုတ်လုပ်ဆောင်သည့်အကြောင်းသိရှိရန်

ဤစာအုပ်များကို ဘယ်သူတို့ကထောက်ခံကြပါသလဲ။


ထောက်ခံချက်များအတွက်ဤနေရာကိုနှိပ်ပါ

ဤစီမံကိန်းလုပ်ဆောင်ချက်များတွင် ကျွန်တော်/ကျွန်မဘယ်လိုပါဝင်နိုင်မလဲ။

စာအုပ်တစ်အုပ်ကိုအခြားဘာသာစကားသို့ဘာသာပြန်ဆိုနိုင်ရန် ဆုတောင်းပေးခြင်း၊ အသုံးပြုခြင်း၊ ဝေမျှခြင်း၊ ပေးလှူခြင်း တို့ ဖြင့် ဤစီမံကိန်းလုပ်ဆောင်ချက်ကိုပိုမိုကျယ်ပြန့်စေနိုင်ပါသည်။ ကျွန်တော်တို့၏လက်ရှိအခြေအနေသတင်းထုတ်ပြန်ချက်များဖြင့် လည်းအဆက်သွယ်မပြတ်ရှိနေနိုင်ပါသည်။

ဆုတောင်းပေးခြင်း - အသုံးပြုခြင်း - ဝေမျှခြင်း - ဘာသာပြန်ခြင်း - ပေးလှူခြင်း


အီးမေးပို့ရန်နှိပ်ပါ

ဤစာအုပ်များကို မိမိ၏ဘာသာစကားသို့ ဘယ်လိုဘာသာပြန်ဆိုနိုင်မလဲ။

လက်ရှိတွင် အင်္ဂ လိပ်ဘာသာစကားဖြင့်ဤစာအုပ်များကိုထုတ်လုပ်လျက်ရှိပြီး မြန်မာဘာသာစကား နှင့် ထိုင်းဘာသာစကားသို့ပြန်ဆိုနေပါသည်။


  • သင့်အနေဖြင့် မြန်မာဘာသာပြန်ဆိုခြင်းတွင်ပါဝင်ကူညီလိုပါက burmese.project@ibsbookbybook.org သို့အီးမေးပို့ပါ

  • သင့်အနေဖြင့် ထိုင်းဘာသာပြန်ဆိုခြင်းတွင်ပါဝင်ကူညီလိုပါက thai.project@ibsbookbybook.org သို့အီးမေးပို့ပါ

  • သင့်အနေဖြင့် အခြားသာသာစကားသို့ပြန်ဆိုလိုပါက info@ibsbookbybook.org သို့အီးမေးပို့ပါ


အီးမေးပို့ရန်နှိပ်ပါ

သင်၏ ယုံကြည်ချက် statement of faith ကဘာလဲ။


Youth With a Mission ၏ ရည်ရွယ်ချက်၊ ယုံကြည်ချက် နှင့် တန်ဖိုးထားမှုများကိုပိုမိုသိရှိရန် ဤနေရာကိုနှိပ်ပါ


For more information on Youth With a Mission's, purpose, beliefs and values click here.