အ​သေးစိတ်ဆင်ခြင်​သောနည်းစနစ်ဖြင့်

ကျမ်း​စောင်တစ်​စောင်ချင်းစီအား​လေ့လာခြင်း

ဤစာအုပ်များဖြစ်တည်လာမှုဇာတ်လမ်း


ဤကဲ့သို့သမ္မာကျမ်းစာလေ့လာခြင်း စာအုပ်တွဲများဖြစ်ပေါ်လာရခြင်းမှာ ဘုရားသခင်၏စကားသံကို ကြားလျက် ကိုယ်တော်နောက်လိုက်ကာတိုင်းနိုင်ငံများသို့သွားရောက်အမှုတော်ဆောင်ကြသော လူများ၏ဖြစ်ရပ်မှန်အကြောင်းအရာများကြောင့်ဖြစ်သည်။ ကနေဒါနိုင်ငံ Alberta ရှိ Turner Valley ဟုခေါ်သော ဝိုင်ဝမ်(YWAM)သာသနာလုပ်ငန်းတစ်ခုမှအစပြုခဲ့ခြင်းဖြစ်သည်။ ခရစ်တော်အကြောင်းမကြားရသေးသောသူများအတွက်ဆုတောင်းပေးခြင်းသာမက ထိုအချိန်က ဝိုင်ဝမ်၏ ဥက္ကဌကြီးဖြစ်သော ဂျင်စတီယာ(Jim Stier)က ခရစ်တော်အကြောင်းမကြားရသေးသော လူအုပ်စုများထံအခြေချနေထိုင်ပါ၊ တိုင်းနိုင်ငံများသို့သွားပါဟူ၍ ဝိုင်ဝမ်အမှုတော်ဆောင်များကို အားပေးခဲ့ခြင်းကြောင့်လည်းဖြစ်ပါသည်။ ထိုသို့ဆုတောင်းခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော် ၏ဦးဆောင်မှုအတိုင်း မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့သွားရန် လူတစ်စုအား ခွန်အားပေးခြင်းခံရပြီး လွန်ခဲ့သောနှစ် (၂၀)မှ စ၍ ရှမ်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်နှင့် မိတ်ဖွဲ့ခြင်းကို အစပြုခဲ့ကြပါသည်။ စတင်မိတ်ဖွဲ့ပြီး (၁၀)နှစ်အကြာတွင်အသင်းတော်များအတွင်း၌ တပည့်တော်စစ်များ ပေါ်ပေါက် လာရေးနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ အသင်းတော်များအတွင်း သမ္မာတရားနှင့်ညီသော ယဉ်ကျေးမှုများကို ကြံဆဖော်ထုတ်ရာ၌အစေခံပေးဖို့ရန်အတွက် ရှမ်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ ဖိတ်ခေါ်မှုဖြင့် ကနေဒါနိုင်ငံမှ ဝိုင်ဝင်(မ်)အမှုတော်ဆောင် အချို့တို့သည် စတင်၍သူတို့နိုင်ငံမှ ထွက်ခွါလာခဲ့ကြပါသည်။


ထိုမှ(၁၀)နှစ်တာကာလအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းအသင်းတော်များအတွက် ဝိုင်ဝမ်ရှမ်းစီမံ ကိန်း(YWAM Shan Project)မှ သင်တန်းများကိုဖွင့်လှစ်ပို့ချခဲ့ပါသည်။ ထိုသင်တန်းများတွင် ဝိုင် ဝမ်သမ္မာကျမ်းစာလေ့လာခြင်းကျောင်း YWAM’s school of Biblical Studies(SBS)၊ တပည့်တော် ဖြစ်ခြင်းသင်တန်းကျောင်း Disciple Training Schools(DTS)၊ တိတုစီမံကိန်း(ဆရာဖြစ်သင်တန်း) Titus Project (teacher training) စသည်တို့ပါဝင်သည်။ ဒေသခံသင်းအုပ်ဆရာအများပိုင်းသည် သင်တန်းတက်ရန်အတွက် အမှုတော်လုပ်ငန်းများကိုခေတ္တချန်ရစ်ထားရန်မဖြစ်နိုင်သောကြောင့် သင်းအုပ်ဆရာများအနေဖြင့်မိမိအိမ်၊ အသင်းတော်တွင်နေထိုင်လျက် ဘုရားသခင်၏နှုတ်ကပတ် တော်ကိုပိုမိုနားလည်အောင်လေ့လာနိုင်မည့် စာအုပ်ကိုပြုစုပေးရန်တောင်းဆိုခြင်းခံရသည်။ လွန်ခဲ့ သောနှစ်ပေါင်း (၂၀၀)ခန့်က ဆရာယုဒသန် (Adoniram Judson) သည် သမ္မာကျမ်းစာကို မြန်မာဘာသာသို့ ပြန်ပေးခဲ့သော်လည်း ထိုသမ္မာကျမ်းစာကိုပိုမို နားလည်စေရန်နှင့် လက်တွေ့အသုံးချနိုင်ရန်အတွက် ကျမ်းစာလေ့လာခြင်းအထောက်အကူလမ်းညွှန် စာအုပ်စာပေ များမှာမူ အလွန်ရှားပါးခဲ့ပါသည်။


ထိုသင်းအုပ်ဆရာများနှင့်အမြော်အမြင်ရှိသောအသင်းတော်ခေါင်းဆောင်များ၏ ဘုရားသခင်ကိုပိုမို သိရှိလိုသောဆာငတ်မှုဖြင့် ဝိုင်ဝမ်ရှမ်းစီမံကိန်းကိုတောင်းဆိုလာသည့်အတိုင်း ယခုသင်ကိုင် ဆောင်နေသောစာအုပ်ကို ဝိုင်ဝမ်သမ္မာကျမ်းစာလေ့လာခြင်းကျောင်း YWAM School of Biblical Studies(SBS)၌အခြေခံ၍ထုတ်လုပ်ထားပါသည်။ စစ်မှန်သောခရစ်တော်၏တပည့်တော်တစ်ဦးဖြစ် လာပြီး ဘုရားသခင်၏နှုတ်ကပတ်တော်သည် လောကအမြင်နှင့်နေ့စဉ်ရွေးချယ်မှုများအ​ပေါ်လွှမ်းမိုးပျံ့ နှံ့ခြင်းကိုမြင်တွေ့လိုသောနိုင်ငံတကာမှစေတနာ့ဝန်ထမ်းများက နှစ်နှင့်ချီအချိန်ယူ၍ပြုစုဖော်ထုတ် ထားပါသည်။ ဤစာအုပ်အားဖြင့် သင်၏အသက်တာ၌သာမက သင့်ဘေးပတ်ဝန်းကျင်ရှိလူများနှင့်တိုင်းနိုင်ငံတစ်ခုလုံးအတွက် တည်မြဲသောအ သီးအပွင့်များဖြစ်ပေါ်လာစေရန်မျှော်လင့်ပါသည်။


YWAM Shan Project နှင့်ပတ်သက်၍ပိုမိုသိရှိလိုပါကဤနေရာကိုနှိပ်ပါ